The Assassins
မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ်ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာလူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကိုလုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင်မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေးတစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးကချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား……အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat ကကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Dramaကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Genre: Drama , History
Actor: Chow Yun-Fat , Liu Yifei , Hiroshi Tamaki , Ni Dahong , Bao Jianfeng , Samuel Pang , Wang Shengli , Law Kar-Ying , , , , , , , ,
Director: ,
Writer: ,
Country: China
Release: 2012-09-26
Duration: 107 Min
Quality: HD
Rating: 1
5.634
Copyright 2024