The Caller
လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့်ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောငစားသောက်ဆိုင်ကိုလာခဲ့ပေးပါစောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။မုန့်ကျားတစ်ယောက်မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာကလွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်းသူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးကသူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကိုနှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။
Genre: Horror , Thriller
Actor: Liu Yan , Song Yang
Director:
Writer:
Country: China
Release: 2024-07-04
Duration: 100 Min
Quality: HD
Rating: 1
10
Copyright 2024