to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Chase
ခေါင်းဆောင် ယွီရှောက်နမ်တို့ ဦးဆောင်တဲ့ အမျိုးသမီးအထူးရဲတပ်ဖွဲ့ဟာ နည်းပညာ ကုမ္ပဏီသစ်တစ်ခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးလုပ်ငန်းများအတွက် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဥ်အတွင်းမှာ ရွှမ်ဟဲ့ဂိုဏ်းလို့အမည်ရတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုက ဟက်ကာနည်းလမ်းကို အသုံးပြုပြီး ခြိမ်းခြောက်တဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပါတော့တယ်။ ဒီခြိမ်းခြောက်မှုကို လုပ်နေသူမှာ တစ်ဦးတည်းသာဖြစ်ကြောင်း ယွီရှောက်နမ်သိရှိသွားတဲ့အခါ အဲဒီလူကို ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့ပါတော့တယ်။ အဲဒီအချိန်မှာပဲ ဒီခြိမ်းခြောက်တဲ့ သူဟာ ယွီရှောက်နမ်နဲ့ တစ်ချိန်တစ်ခါက ပတ်သတ်ခဲ့ဖူးတဲ့အပြင် ကံကောင်းကြောင်းမလှစွာနဲ့ပဲ အဲဒီလူဟာ လွတ်မြောက်သွားခဲ့ပါတယ်။ဒီပြဿနာဖြစ်ပြီး နောက်ပိုင်းမှာလဲ ရွှမ်ဟဲ့ဂိုဏ်းက ဒုစရိုက်မျိုးစုံကျူးလွန်လာခဲ့ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်
Genre: Drama
Actor: Li Mengmeng , Yan Jiaying , Yu Sichu , Diana Dai , Pan YanFei , Chen Ming , Benson Wang
Director:
Writer:
Country: China
Release: 2023-02-09
Duration: 0 Min
Quality: HD
Rating: 1
2
Copyright 2024