to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Cheese Sisters
အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ? ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား? ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။ ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ် ၂. ချိစ်လုပ်မယ် ၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ် ၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ် ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိ timeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။ ပထမအဆင့် – ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ ဒုတိယအဆင့် – ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊ တတိယအဆင့် – ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့ နောက်ဆုံးအဆင့် – ရလာတဲ့ချိစ်ကို အချစ်တွေအပြည့်နဲ့ချိစ်ကိတ်အဖြစ်ပုံဖော်ရင်း ကော်ဖီဆိုင်ပိုင်ရှင်မလေးဖတ်ကို ချစ်ရေးဆိုမယ့် အိမ်နီးချင်းမလေးမယ်ဂျီတို့ရဲ့ GL ဇာတ်လမ်းတို ၄ ပုဒ်ကို ကြည့်ရှုရမှာပါ။ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ မင်းသမီးတွေအနေနဲ့ ကိုယ်တိုင်တင်ဆက်ပြသထားတဲ့ “ချိစ်ဆန်တဲ့အချစ်” ဆိုတာ ဘာလဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Genre: Drama , Romance
Actor: Milin Dokthian , Kanteera Wadcharathadsanakul , Jennis Oprasert , Punsikorn Tiyakorn , Weeraya Zhang , Natticha Chantaravareelrkha , Manichar Aimdilokwong , Vitita Srasreesom , Napassanan Thambuacha
Director:
Writer:
Country: Thailand
Release: 2022-11-24
Duration: 134 Min
Quality: HD
Rating: 1
2
Copyright 2024