to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
The Elusive Samurai
ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေအုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို့ သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်းပြေးလွှားရတာရယ် ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖို့ထက် တိုင်းပြည်မှာအေးချမ်းသာယာနေရင်ပြီးရောဆိုပြီးဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတို့အားကိုးယုံကြည်ရတဲ့အရည်အချင်းရှိတဲ့စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့ အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့အဲဒီအင်ပါယာနဲ့ ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြို့လေးကိုလည်းသစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှို့ဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိတယ်ဆိုတဲ့နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီးဖအေနဲ့ တိုင်းပြည်ကိုဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ ရန်သူကို ပြန်လက်စားချေဖို့အတွက် စွန့်စားခန်းတွေထွက်ကြမဟာမိတ်တွေရှာကြသန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ကျွန်တော်ကတော့ ကြည့်ပြီးတဲ့အချိန် မျောက်လွှဲကျော်လေးနဲ့ တူလို့မျောက်လွှဲကျော် ဆာမူရိုင်းလေးလို့ နာမည်ပေးလိုက်ပါတယ်ဗျာ။
Genre: Animation , Action & Adventure
Actor: Asaki Yuikawa , Yuichi Nakamura , Sayumi Suzushiro , Aoi Yuki , Kikunosuke Toya , ,
Director:
Writer: Yusei Matsui ,
Country: Japan
Release: 2024-07-06
Duration:
Quality: HD
Rating: 1
9.00
Copyright 2024