The Legend of Enveloped Demons
“လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ”ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာလူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု…….,
အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကို
အလူးအလဲခံကာနေရပါတော့တယ်အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ်ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ များစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာမိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ်
အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့သူတို့ကိုယ်သူတို့ “မိစ္ဆာနှိမ်နင်းသူ” လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ်“မိစ္ဆာနှိမ်နင်းသူ” သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားကအဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲသံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့
လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလိုကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ညီအစ်ကိုသုံးယောက်ဟာတစ်ကြိမ်မှာတော့ မတော်တဆမှုတစ်ခုကိုကြုံတွေ့သွားရပြီးမိစ္ဆာပြန်လည်မွေးဖွားခြင်းအကြောင်း သိရှိသွားခဲ့ပါတော့တယ်နက်နက်နဲနဲ စုံစမ်းရှာဖွေပြီးတဲ့နောက်မှာ ဒါတွေအားလုံးက“မိစ္ဆာနှိမ်နင်းသူ” တွေကို ဆန့်ကျင်ဖို့ တမင်စီစဥ်ထားတဲ့
ကြံစည်မှုကြီးတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားချိန်မှာတော့….?အချင်းချင်းသစ္စာဖောက်မှုတွေ စွန့်လွှတ်စတေးရမှုတွေချစ်ခြင်းမေတ္တာတွေ အစရှိတဲ့ အရာတွေကြားထဲကမှမကောင်းမှုတွေကို သူတို့တွေ အနိုင်ယူသွားကြမလားဆိုတာစိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်