to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Legend of Zhao Yun
ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင်သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။ ဒီကားလေးကလည်းသူ့ကိုပဲဦးတည်ထားပါတယ်။ ထူးခြားတာကတော့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ ပြကွက်တစ်ကွက်လောက်ပဲပါတတ်တဲ့ လျိုပေ့ရဲ့မိန်းမနဲ့ကလေးကယ်တဲ့အခန်းကို တစ်ခမ်းတနားနဲ့ရိုက်ပြသွားတာဖြစ်ပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်သဘောထားတွေကိုသေချာလေးခံစားရမယ့် ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်ဗျ ။ကျောက်ကျီလုံပါရင် ချောင်ချောင်၊ လွီပု နဲ့သောင်းချန်တို့လည်း မပါမဖြစ်ပေါ့။ လွီပု နဲ့သောင်းချန်တို့ရဲ့အချစ်ကြီးမားပုံကို ပေါ်လွင်အောင်ရိုက်ပြထားသလို ချောင်ချောင်ရဲ့ရည်မှန်းချက်ကြီးမားပုံကိုလည်း အကောင်းဘက်ကနေလှည့်ရိုက်ထားတယ်လို့တောင်ပြောလို့ရပါတယ်။ ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။ မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသက်သခင်ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ။အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာပိတ်မိနေတဲ့အခါ… ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီးဘယ်လိုကယ်တင်မလဲ… ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ… ဆက်ကြည့်လိုက်ပါတော့ဗျာ ။
Genre: Unknown
Actor: Wang Zhengxuan , Tang Yongtou , Li Baiyi , Jiusheng Wang , Song Guojun , Li Baomin
Director:
Writer:
Country: China
Release: 2021-01-04
Duration: 96 Min
Quality: HD
Rating: 1
2
Copyright 2024