The Mad Women's Ball
လူတွေက လူတစ်ယောက်ရူးခြင်းမရူးခြင်းကို ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ်
နေကြတာလဲ။ ဘုရားသခင်ကိုမြင်နေပြောနေရတယ်လို့ပြောတဲ့ လူတစ်ယောက်
ကိုကျ လူတွေကအရူးလို့မသတ်မှတ်ဘဲ သရဲဝိဉာဉ်တွေကိုမြင်ရပြောနေရတယ်လို့
ပြောတဲ့လူကိုကျ အရူးတစ်ယောက်လို သတ်မှတ်နေကြတာလဲ။ ပြီးတော့ လူတစ်
ယောက်ကရူးသွပ်သွားရင် လူမဟုတ်တော့ဘူးလား။ တိရိစ္ဆာန်တွေထက်ကိုဆိုးဝါးတဲ့
နည်းတွေနဲ့ ဆက်ဆံခွင့်ရှိနေသလား။ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်း
အတွက်အမှိုက်လား ကြိုက်သလိုလုပ်ခွင့်ရှိတဲ့အစမ်းသပ်ခံလား။သေချာတာကတော့ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်းကိုဘာဒုက္ခမှ
မပေးတာပါပဲ။ စံနှုန်းတွေလက်ဝယ်ပိုက်ပြီး လူကြီးလူကောင်းဂိုက်နဲ့နေနေတဲ့လူတချို့
ကသာ လူ့အဖွဲ့အစည်းအတွက်အမှိုက်လိုလူတွေ လူအဖွဲ့အစည်းကိုဒုက္ခပေးပြီး သူတို့
စိတ်ပျော်ရွှင်ရာအတိုင်းလုပ်ဆောင်နေကြတဲ့လူတွေပါ။ ဒီကားလေးထဲမှာ ဝိဉာဉ်တွေကို
မြင်ရလို့ အရူးလို့သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကိုအပို့ခံခဲ့ရတဲ့ ယူဂျင်းကလဲရ်၊၊
စိတ္တဇဆေးရုံမှာ လူကြီးလူကောင်းတချို့ရဲ့ အစမ်းသပ်ခံအရုပ်လေးတွေလို စိတ်ဖြေရာ
အရုပ်လေးတွေလိုပြုသမျှနုနေကြရတဲ့ အရူးလို့သတ်မှတ်ခံအမျိုးသမီးလေးတွေရဲ့ဘဝကို
ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။