The New Dragon Inn: Heroes Awakening
နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေစိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်းအပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ်ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်ကရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကိုရှီးချန်ကလူတွေလက်ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်းလုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်ကတစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကိုဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ်ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။
Genre: Drama , Action
Actor: Leni Lan , 李子峰
Director: Huang Jianbo
Writer: Leo
Country: China
Release: 2024-05-17
Duration: 85 Min
Quality: HD
Rating: 1
0
Copyright 2024