to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Strange Case of a Claustrophobic Ghost
အိမ်အသစ်ကို ပြောင်းလာတဲ့ Nikolajဟာ ညဘက်တွေဆို သူ့အဝတ်ဗီရိုထဲက အသံတွေကြောင့် လန့်နိုးလာရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အိုဟောင်းနေတဲ့ အိမ်ကြီးတလုံးလည်း ရှိနေပါသေးတယ်။ ဒါတွေက ဘယ်လိုချိတ်ဆက်နေလဲ။ Nikolaj က မမြင်သင့်တဲ့ လောကတခုကို မြင်နေရတာလား။သူ့အခန်းမှာဆက်နေလို့ မရဘူးဆိုတာကို လက်မခံချင်ဖြစ်နေတဲ့ Nikolajတစ်ယောက် စပ်စုတတ်တဲ့ညီလေးနဲ့အတူ ကျောင်းက သူငယ်ချင်း အသစ်လေး Ximenaနဲ့ ဘယ်လိုပူပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်မှာ ကြည့်ရှုရမှာပါ။ ကြည့်နေကျ horror ကားတွေနဲ့ မတူတဲ့ ဇာတ်ကြောင်းပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီးမျောနိုင်မှာပါ။စပိန်စကားပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်နေကျမဟုတ်တဲ့ ကင်မရာ ရှုထောင့် တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။
Genre: Family , Fantasy , Horror
Actor: Danae Reynaud , Rodrigo Cachero , Gregorio Urquijo , Dominika Paleta , Fausto Espejel , Ana Emilia , Lukas Urkijo
Director: Julieta Perales
Writer: Adrián Pastrana
Country: Mexico
Release: 2023-07-21
Duration: 117 Min
Quality: HD
Rating: 1
7.349
Copyright 2024