to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Vanishing Soldier
စစ်တပ်တွေမှာ ဘယ်ရာထူးမဆို ကြီးလေးတဲ့ ပြစ်မှုတစ်ခုရှိပါတယ်။အဲ့ဒီ ပြစ်မှုကတော့ တပ်ပြေးတဲ့ပြစ်မှုပါပဲ။အဲ့ဒီပြစ်မှုအတွက် အခြေအနေအလိုက် ထောင်ကျခံရတာကနေ သေဒဏ်ပေးခံရတဲ့အထိပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာ တပ်ပြေးလာတဲ့၁၈ နှစ်သားစစ်သားတစ်ယောက်အကြောင်းနဲ့ အဲ့လိုတပ်ပြေးတဲ့အတွက် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The VanishingSoldier (ပျောက်ဆုံးနေသောစစ်သား) ဖြစ်ပြီး IMDb Rating6.5 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာ ရှလိုမီလို့ခေါ်တဲ့စစ်သားတစ်ယောက် တပ်ကနေထွက်ပြေးလာတာကို တွေ့ရမှာဖြစ်ပြီး သူတပ်ပြေးလာရတဲ့အကြောင်းအရင်းကတော့ တခြားမဟုတ်ဘဲ သူ့ကောင်မလေးနဲ့တွေ့ချင်လို့ သက်သက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့တပ်ကတော့အဲ့ဒါကိုမသိဘဲ အဲ့ဒီနေ့မတိုင်ခင်မနေ့ကဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့ပဲ သိထားတာဖြစ်ပါတယ်။ရှလိုမီကတော့ အဲ့ဒါကိုမသိဘဲ သူ့ကောင်မလေးနဲ့သွားတွေ့မိဘတွေနဲ့သွားတွေ့ပြီး ပျော်ပါးနေခဲ့ပါတော့တယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ ရန်သူတွေသူ့ကိုဖမ်းသွားပြီလို့ထင်နေတဲ့သူ့တပ်ကတော့ ရန်သူတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီးသူ့ကိုပြန်ပေးဖို့တောင်းဆိုနေကြောင်းကို တီဗီကနေသိလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာသူထွက်ပြေးလို့ဖြစ်လာတဲ့အကျိုးဆက်တွေကအရမ်းကြီးမားလာတဲ့အတွက် ဆက်ပဲပြေးနေရမလိုလို တပ်ထဲပဲပြန်သွားရမလိုလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေတွေဖြစ်ပြီး နောက်ပိုင်းမှာဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့....
Genre: Drama , Thriller , War
Actor: , , , , , ,
Director: , , , , ,
Writer:
Country: Israel
Release: 2024-04-24
Duration: 105 Min
Quality: HD
Rating: 1
6.375
Copyright 2024