to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Wonder Weeks
ဒီဇာတ်ကားလေးကတော့ မွေးခါစဘေဘီလေးတွေကို မေမေ၊ဖေဖေတို့ကအစွမ်းကုန်ဘယ်လိုထိန်းကျောင်းကြမလဲမြင်တွေ့ရမယ့်ကားလေးပါ။များသောအားဖြင့် ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်ဆိုရင်သာ ကြိုတင်ပြင်ဆင်လေ့ရှိကြပေမယ့်ကလေးမွေးပြီးနောက်ပိုင်းကြုံရမယ့်အရာတွေကို ကြိုတင်မှန်းမထားနိုင်သလို ပြင်ဆင်ထားဖို့ကလည်းခက်ခဲပါတယ်။ဥပမာ ညဖက်ကလေးထထငိုလို့ အိပ်မရတာမျိုး၊ ကလေးက မဆော့မကစားဖြစ်နေတာဘာဖြစ်မှန်းမသိရတာမျိုးပေါ့။မိမိကလေးက နေကောင်းလား၊ အစားဝင်လား၊ ဒီအရွယ်မှာ ပုံမှန်ပဲလား၊ တစ်ခုခုဖြစ်နေပြီလားနဲ့ မေမေဖေဖေတို့က ပူပန်ကြမှာအမှန်ပါပဲ။ဒီအကြောင်းအရာတွေကို ဇာတ်လမ်းလေးထဲမှာ မိသားစုသုံးစုနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ပထမမိသားစုက မေမေက အရမ်းအစိုးအရိမ်ကြီး စည်းစနစ်ကျလွန်းပါတယ်။အိပ်တာစားတာကအစ အချိန်ဇယားအတိုင်းလုပ်လွန်းတော့ မီးမီးလေးက အဝလွန်လာရော၊ဒါကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ဒုတိယမိသားစုကျတော့ ဓလေ့မတူကြတာဗျ။ဖေဖေ့ဘက်က ဓလေ့တစ်ခု မေမေ့ဘက်ကဓလေ့တစ်ခုနဲ့ဗျာများရင်း ဗရုတ်သုတ်ခလေးတွေဖြစ်ကြတာပေါ့။တတိယမိသားစုကျတော့ မေမေနှစ်ယောက် ဖေဖေတစ်ယောက်ဗျ။ဖေဖေက ဗရုတ်ကခပ်ကျကျ မေမေတစ်ယောက်က တစ်ယူသန်နဲ့ဗျ။ကဲ ဒီမိသားစုလေးတွေရဲဘဝက ကလေးကိုယ်စီထိန်းကျောင်းရင်းဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။
Genre: Comedy , Drama
Actor: Sallie Harmsen , Yolanthe Cabau , Sarah Chronis , Louis Talpe , Soy Kroon
Director:
Writer:
Country: Unknown
Release: 2023-06-09
Duration: 110 Min
Quality: HD
Rating: 1
6.4
Copyright 2024