Thicker Than Water
Synopsis of Thicker Than Water (2023)
Thicker Than Water (2023)
“သွေးကရေထက်ပျစ်တယ်” ဆိုတဲ့စကားက ဆလင်းမ်တို့မိသားစုကိုရည်ညွှန်းတာပါပဲ။
သူတို့က ပဲရစ်မှာနေနေကြတဲ့ အယ်လ်ဂျီးရီးရန်းမွတ်ဆလင်တွေပါ။
သူတို့မိသားစုထဲမှာ ဆလင်းမ်ကအမွှေဆုံး။ သူ့အစ်မသုံးယောက်ရှိတယ်။
အဲ့ဒီသုံးယောက်ထဲက ဖာဟာဆိုတဲ့အစ်မက ဆလင်းမ်ကိုအချစ်ဆုံးအစ်မ။
ဖာဟ့ာအပြောအရတော့ သူတို့မိသားစုတွေက ငယ်ငယ်ထဲကအချင်းချင်းဂရုစိုက်ဖို့ သင်ကြားပေးတာခံထားရတယ်တဲ့။
အဲ့ဒါအပြင် သူတို့အဖေက သူတို့ကိုထားပြီးထွက်သွားချိန်မှာ
အမေကလဲအလုပ်တွေအရမ်းလုပ်ရတော့ ဆလင်းမ်အတွက် ဖာဟာကအစ်မအပြင် ဒုတိယမိခင်ဖြစ်ခဲ့တယ်။
ဒီဇာတ်လမ်းက မွတ်ဆလင်တွေရဲ့ရမ်မဒါန်ဥပုဒ်လမှာဖြစ်တယ်။
ရမ်မဒါန်လရဲ့ပထမရက်မှာ မိသားစုတွေအတူ ဥပုဒ်ဖြေဖို့ချိန်းထားကြတာ ဆလင်းမ်ကရောက်မလာဘူး။
သိပ်မကြာပါဘူး ရဲတွေရောက်လာပြီး ဖာဟာတို့ညီအစ်မတွေကို စစ်ဆေးမေးမြန်းကြပါလေရော။
အကြောင်းကရော ဆလင်းမ်က ရဲတစ်ယောက်ကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ပါ။
ဆလင်းမ်ကလဲအဲ့ဒီကားကို ဖာဟာ့အိမ်မှာလာရပ်ထားတယ်။
ဖာဟာကလဲ သူလဲအမှုမပတ်အောင် သူ့မောင်ကိုလဲကယ်တင်ချင်ဇောနဲ့
သူတို့ညီမသုံးယောက်ရယ် ငမွှေထိုးတူမလေးရယ်ပေါင်းပြီး ကားကြီးကိုမီးရှို့အစဖျောက်လိုက်ကြတယ်။
ပြသနာကဒီမှာတင်ပြီးရင်တော်သေး။
ဖာဟ့ာစေတနာကဝေဒနါဖြစ်သွားတယ်ဆိုပါတော့။
ရဲကိုတိုက်တာက ပြသနာသိပ်မရှိဘူး။ ပြသနာကသူတို့မီးရှို့လိုက်တဲ့ကားထဲမှာ ဆလင်းမ်ပို့ပေးရမယ့်မူးယစ်ဆေးတွေပါသွားတာပဲ။
အဲ့မှာတင်ရဲတွေရော မူးယစ်ရာဇာတွေနဲ့ပါ ဇာတ်လမ်းကရှုပ်လာတော့ ဖာဟာ့အနေနဲ့
ဆလင်းမ်ကိုရော သူ့မိသားစုဝင်တွေကိုပါ ဘယ်လိုများကာကွယ်ဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Seriesရဲ့ ဇာတ်လမ်းသွားက ခိုင်ခိုင်မာမာရှိတဲ့အပြင် ဒီဇာတ်လမ်းမှာ မိသားစုတွေကြားကသံယောဇဥ်တွေ၊ အဆိုးအကောင်းပြသနာတွေရော၊
မောင်နှမတွေရဲ့ အမြဲသတ်နေ စကားနိုင်တွေလုနေကြပေမယ့် တကယ့်အရေးကြုံလာတဲ့အခါ သွေးကရေထက်ပျစ်တယ်ဆိုတာတွေကို
ရမဒါန်ဥပုဒ်လနောက်ခံနဲ့ဖော်ကြူးပြထားလို့ တမူထူးခြားတဲ့ series လဲဖြစ်ပါတယ်