University War
University War(2023)
********************
“နားရွက်တစ်ဖက်ပဲမြင်ရတာရှိတယ် နှစ်ဖက်မြင်ရတာလည်းရှိတယ်..လုံးဝမမြင်ရတာလည်းရှိတယ် ဒါဆိုမြင်ရတဲ့
နားရွက်အရေအတွက်ကို သဲလွန်စအဖြစ်ထားလိုက်ကြမလား”
“အာ သံယရှိသူတွေပုံစံက အတော်လေးဆင်တူလိုက်တာ”
ဟုတ်ပါတယ် ဂိမ်းကစားရင်းတရားခံဖမ်းနေကြတာပါ…
အပေါ်ကစကားတွေက ဒီ show ထဲကတရားခံဖမ်းတဲ့ဂိမ်းကစားရင်းပြောနေကြတာပါ..
ဒီ show ကတော့လူတိုင်းနီးပါးသိကြမှာပါ..
korea ရဲ့တကယ့်နာမည်ကြီးထိပ်တန်းကျောင်းတွေဖြစ်ကြတဲ့ SNU, Yonsei, Harvard, KAIST, ဂိုလျောစတဲ့
ကျောင်းက ထိပ်တန်းကျောင်းသားကျောင်းသူတွေ သင်္ချာဉာဏ်စမ်းတွေဖြေရင်း ဂိမ်းကစားကြတာဖြစ်ပါတယ်
ကျောင်းသား/သူတွေကလည်း တကယ့်ထိပ်တန်းတွေမို့ စဉ်းစားပုံတွေက တော်တော်လေးထက်လှပါတယ်
Show တစ်ခုကြည့်ရင်းနဲ့ လိုက်စဉ်းစားရလို့ သင်္ချာစွမ်းရည်လည်းတက်,
Fun လည်းဖြစ်, မိန်းကလေးတွေဆိုအဆင်ပါငမ်းလို့ရတာမို့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်ပါပဲ
S1 မှာ အပိုင်း၈ပိုင်းပါဝင်ထားပြီး အစကနေအဆုံးကြည့်ပြီးရင်း ကြည့်ချင်နေတာမို့
အခုပဲကြည့်လိုက်ကြပါတော့….