to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Welcome to Redville
Welcome to Redville ရုပ်ရှင်ကားက ၂၀၂၃ ခုနှစ်ထွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့မင်းသားရော မင်းသမီး ၂ လက်လုံးက အချောတွေပဲ ဖြစ်တာမို့ ကြည့်ရတာနောင်တရမဲ့ကားမျိူးထဲ မပါ ပါဘူး။ ဇာတ်လမ်းကျောရိုးလေးကတော့ အရမ်းချစ်ကြတဲ့ မိဘမဲ့ဂေဟာမှာတူတူကြီးပြင်းလာကြတဲ့ အတွဲတစ်တွဲ ဒုက္ခတွေရင်ဆိုင်ရလို့ ဖြေရှင်းဖို့အတွက်စိန်ဆိုင်တစ်ခုကို ဓားပြတိုက်ခဲ့ကြပါတယ်။ ဓားပြတိုက်တာ အဆင်မပြေဖြစ်သွားခဲ့လို့ရဲတွေလိုက်လို့ ပြေးရတဲ့အခါမှာ ကြံမိရာကြံပြီး လွတ်မြောက်သွားခဲ့ကာ Redville ဆိုတဲ့မြို့ငယ်လေးတစ်ခုမှာ ခဏတာပုန်းခိုရဖို့ ဖြစ်လာပါတယ်။ အဲ့ဒီ Redville ဆိုတဲ့မြို့ငယ်လေးက မြေပုံမှာတောင် မရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ သေးလွန်းလို့မြေပုံမှာ မရှိတာလား တခြားအကြောင်းရင်းတွေ ရှိဦးမလား ဇာတ်လိုက်ကျော်အတွဲတို့အဲ့မြို့ရောက်တဲ့အခါမှာ ဘယ်လိုဟာတွေကို ကြုံတွေ့မှာလဲ အဲ့ဒီအချိန်မှာပဲ နောက်ထပ်ပြစ်မှုကျူးလွန်ဖို့ အခွင့်အခါက ကြုံသင့်လာတော့ ဘယ်လို ဆုံးဖြတ်မှာလဲအေးအေးချမ်းချမ်းကော လွတ်မြောက်နိုင်မှာလား အဆုံးသတ်ကြရင် ဇာတ်ကားတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်သိမ်းက ဘာဖြစ်မလဲဆိုတော ခန့်မှန်းဖို့ခက်တဲ့ဇာတ်ကားလေးတစ်ခု ဖြစ်လို့ ကြည့်ရှုကြဖို့ အကြံပေးလိုက်ပါတယ်နော်
Genre: Drama
Actor:
Director:
Writer:
Country: Unknown
Release: 2023-08-01
Duration: 88 Min
Quality: HD
Rating: 0
4.167
Copyright 2024