to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
What Happens Later
အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာကတော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ…အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။
Genre: Comedy , Romance
Actor: Meg Ryan , David Duchovny , Hal Liggett , Renee Whiteley
Director:
Writer:
Country: United States of America
Release: 2023-11-02
Duration: 104 Min
Quality: HD
Rating: 0
6.917
Copyright 2024