12th Fail
ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ဒုက္ခရောက်ရချိန်မှာ ရိုးသားတဲ့ဒုရဲအုပ်ကြီးရဲ့ ကျေးဇူးနဲ့ အချုပ်ထဲကလွတ်လာတော့ အရင်က ရိုးသားမှုဆိုတာ ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့ စိတ်ကနေ ရိုးသားမှုနဲ့ အာဏာပေါင်းလိုက်ရင်တော့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။
Genre: Drama
Actor: Vikrant Massey , Medha Shankar , Anant Joshi , Anshumaan Pushkar , Geeta Agrawal Sharma , Priyanshu Chatterjee , Vikas Divyakirti , Harish Khanna , Sarita Joshi
Director:
Writer:
Country: India
Release: 2023-10-27
Duration: 146 Min
Quality: HD
Rating: 0
7.4
Copyright 2024