to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
A Hipster in Rural Spain
လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံရေးပါတီတစ်ခုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ ကီကေးက စပိန်ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးအစီအစဥ်အရ ဝေးလံခေါင်သီတဲ့ လာကညာဒါလို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်တော့ လီနာနဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်ပင်ပြီး ကီကေးကိုကန်ထုတ်လိုက်တဲ့သဘောပါ။မြို့လေးကိုရောက်သွားချိန်မှာတော့ လိင်တူအခွင့်အရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျားမတန်းတူရေးနဲ့ တိရစ္ဆာန်အခွင့်အရေးတွေကို ပါးစပ်ကမချတဲ့ မက်ဒရစ်မြို့သားကီကေးနဲ့ ရှေးအစဥ်အလာတွေကို ထိန်းသိမ်းဖက်တွယ်ထားတဲ့လာကညာဒါမြို့သူမြို့သားတို့အကြား ပဋိပက္ခတွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲမြို့လေးကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကီကေးတစ်ယောက် မြို့တော်ဝန် ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရှုရမှာပါ။ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးစရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်နိုင်ငံကျေးလက်မြို့လေးတစ်ခုမှာ တည်ထားတာဖြစ်လို့ ဥရောပကျေးလက်ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပရုပ်ရှင်နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
Genre: Comedy
Actor: Paco León , Macarena García , Tito Valverde , Manuel Manquiña , Aimar Vega , Miguel Rellán , Rober Bodegas , Berta Vázquez , Lalo Tenorio
Director: Gonzalo Salazar-Simpson
Writer: Daniel Gascón
Country: Spain
Release: 2024-03-02
Duration: 100 Min
Quality: HD
Rating: 1
4.9
Copyright 2024