to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
A Sign of Affection
ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလာကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ စောင်လေးကိုက်အသဲလေးတယားယားနဲ့ နှလုံးသားတွေပါ နွေးထွေးစေမယ့်ဒီ Anime လေးကို ကြည့်လိုက်ပါတော့။Anime တွေရဲ့ ထုံးစံအတိုင်း မင်းသမီးလေးကလည်းပုတုလေးနဲ့ ချစ်စရာကောင်း မင်းသားကလည်းနာမည်ကျော် Gojo-sensei လို ရုပ်ပေါက်နဲ့ဆိုတော့ဘာလိုသေးလဲ။ဆွဲထားတာလည်း ဆောင်းရာသီဆိုတော့ နှင်းစက်လေးတွေနဲ့ အမြင်လှပြီးမင်းသမီးလေးရဲ့ အူကြောင်ကြောင်နဲ့ ချစ်စရာရယ်မောရတဲ့အခန်းလေးတွေ မင်းသားရဲ့ မထုံတတ်တေးနဲ့ မထင်သလိုလုပ်ပြတဲ့အကွက်လေးတွေ ကျန်တဲ့ ဇာတ်ပို့တွေရဲ့ စိတ်ဝင်စားစရSide-story လေးတွေကိုလည်း မြင်ရမှာပါ။ခုလက်ရှိမှာလည်း မြန်မာငွေ ၅ ထောင်တန်နဲ့ ၅၀ တန်လေးကိုတိတိကျကျ ပုံဖော်ထည့်သွင်းထားလို့ နာမည်ကြီးနေတဲ့စီးရီးလေးလည်း ဖြစ်ပါတယ်။
Genre: Comedy , Drama , Animation
Actor: Sumire Morohoshi , Yu Miyazaki , Takeo Otsuka , Kaede Hondo , Ryota Osaka , Nao Toyama , Tasuku Hatanaka
Director:
Writer:
Country: JP
Release: 2024-01-06
Duration:
Quality: HD
Rating: 0
7.8
Copyright 2024