to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
A Will Eternal
Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။ 1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။ Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ တင်ဆက်လိုက်ရတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မိဘတွေငယ်စဥ်ကတည်းကဆုံးပါးသွားကတည်းက သေရမှာကိုအလွန်ကြောက်သွားခဲ့တဲ့ ပိုင်ရှောင်ချန်းဟာ မသေမျိုးနတ်ဝိဇ္ဇာတပါးဖြစ်လာအောင်ကျင့်ကြံရင်း အလွဲလွဲအဖုံဖုံ ကြုံတွေ့ရတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဥ်းကိုတော့ အရှည်ကြီးမရေးတော့ဘူးဗျ။ ဆရာEr Genဟာ ဘာလို့xianxiaဝတ္ထုရေးဆရာတွေထဲမှာ နာမည်ကြီးနေရတာလဲဆိုတာကို နည်းနည်းလေး ဆက်လေပေါချင်လို့ပါ။ Xianxiaဝတ္ထုတွေက အရမ်းကိုစိတ်ကူးယဥ်ဆန်တဲ့ဆိုပေမဲ့ ဆရာEr Genရဲ့ ဝတ္ထုတွေဟာ တခုနဲ့တခုချိတ်ဆက်နေပြီး marvel cinematic universeလိုမျိုး အစပထမဖြစ်တည်ပုံတွေ၊ higher beingတွေကိုပါ factကျကျ ဇာတ်အိမ်ဖွဲ့နိုင်တာမလို့ xianxiaဝတ္ထုတွေကြားမှာ ထင်ပေါ်နေရတာပါ။ ဆရာEr Genရဲ့ဝတ္ထုတွေ ဖတ်ပြီးရင်လည်း fanတွေအချင်းချင်း ဘယ်universeမှာဇာတ်လမ်းတည်တာ၊ ဘယ်လိုbeingတွေရှိသေးတာဆိုပြီး အားရပါးရဆွေးနွေးလို့ရပါတယ်။ အရင်ဦးဆုံး a will of eternalလေးကနေစပြီးကြည့်လိုက်ကြပြီးမှ နောက်ထပ်ဇာတ်လမ်းတွဲတွေကိုဆက်သွားကြတာပေါ့ ဇာတ်ကောင်နာမည်ကိုတော့ မြန်မာပြန်ဝတ္ထုထဲကအတိုင်းပဲ ပိုင်ရှောင်ချန်းလို့ပဲရေးပေးထားပါတယ် ဒါမှဝတ္ထုဖတ်ရင်လည်မနေရအောင်ပါ
Genre: Comedy , Drama , Animation , Sci-Fi & Fantasy , Action & Adventure
Actor: Su Shangqing , , , , , , ,
Director:
Writer:
Country: China
Release: 2020-08-12
Duration:
Quality: HD
Rating: 1
8.80
Copyright 2024