A+
ငယ်စဉ်ကစ ကျောင်းမှာ စာနဲ့ပဲနပန်းလုံးခဲ့ကြရပြီး အလယ်တန်းအထက်တန်းအထိ အဆင့်ကောင်းအောင်
တက္ကသိုလ်ကောင်းကောင်းရောက်အောင် ကြိုးစားနေကြရတဲ့ ကျောင်းသား/သူတွေမှာ ဖိအားတွေက
သူမသာ ကိုယ်မသာရှိကြစမြဲပါပဲ .. ပန်းတိုင်ရောက်သွားတဲ့လူတွေရှိသလို လမ်းတစ်ဝက်မှာတင်
လက်လျှော့လိုက်ရတဲ့ လူတွေကိုလည်းမမေ့ကြဖို့ ဒီစီးရီးလေးကို ရိုက်ကူးခဲ့တာပါဘင်နာအင်ဒိုနီးရှားကျောင်းက စာမေးပွဲတိုင်း ပထမအဆင့်ချည်းရလို့ တီဗီထဲတောင်
အမြဲလိုလိုပါနေတဲ့ကျောင်းတစ်ကျောင်း..ဒီကျောင်းရဲ့ထူးခြားချက်က 1 to 3ကျောင်းသားတွေဆို
ကျူရှင်ခမပေးရဘူး အလကားပေါ့ ဒါပေမဲ့ အဆင့်များရင် များသလောက် သိန်းကို
ရာနဲ့ချီပြီးတိုးတိုးသွားတာပါ ဒီတော့ မိဘကိုသနားတဲ့လူတွေက 1 to 3ဝင်ဖို့ အသေအလဲ
ကြိုးစားကြ နေရာလုကြနဲ့ပေါ့ ဒီကျောင်းကိုမှ ကာလီဆိုဒီရ်ဂန်တာရီတဲ့ ကျောင်းသူလေးတစ်ယောက်
ပြောင်းလာခဲ့တယ် ပြောင်းလာလာချင်း စာမေးပွဲနဲ့တိုးပေမဲ့ အဆင့်တစ်ရသွားခဲ့တော့ မနာလိုသူတွေ
အမုန်းထားသူတွေများလာခဲ့ပါတယ် သူမရောက်ခင်က F4 လိုမျိုး Big Four ဆိုတဲ့လူလေးယောက်ရှိပါသတဲ့
ကျောင်းရဲ့မသိသူမရှိ ဒီဒိတ်ဒိတ်ကြဲတွေနဲ့ ရှေ့လျှောက် သူဘယ်လိုစခန်းသွားမလဲ
ဒီလိုဖိအားတွေကြားထဲက ရိုမန့်လေးတွေကိုလည်း ကြည့်ရှုခံစားပေးကြပါဦး