to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Amber Girls School
အိုဂျက်စ်ဆိုတဲ့ 15 နှစ်အရွယ် ကောင်မလေးဟာ ချန်ဒီဂါရ်မှာရှိတဲ့ Amber မိန်းကလေးသီးသန့်ကျောင်းကအတန်း 9 မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမမှာ 2008 ခုနှစ် မကုန်ခင် ဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက်နှစ်ခု ရှိပါတယ်အဲ့ဒါကတော့ ကျောင်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့နဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းနမ်းခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း သူမဟာ အရမ်းကို ရှက်တတ်ပြီးတော့ သတ္တိလည်း နည်းတဲ့ သူတစ်ယောက်ပါ။အိုဂျက်စ်ဟာ သူမရဲ့ စိတ်နဲ့ နှလုံးသားကြားမှာ ပြီးပြည့်စုံတဲ့ ကျောင်းသူဖြစ်ဖို့နဲ့ သူ့ပုံစံအတိုင်းပဲ နေဖို့ ရုန်းကန်နေရင်း သူ့သူငယ်ချင်းတွေအကြံပေးတဲ့အတိုင်း လိုက်လုပ်ရာကနေ တလွဲတွေ ဖြစ်ကုန်ပါရော။ သူမရဲ့ ကိုယ်ပိုင်ဘဝလေးဂာလည်း ပျက်စီးလာသလိုပထမဆုံးချိန်းတွေ့တာကလည်း ပျက်စီးသွားခဲ့တာ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပါ ရန်ဖြစ်တဲ့အထိပါပဲ။ဒီ series လေးဟာဆိုရင်ဖြင့် အိုဂျက်စ်တစ်ယောက် လိမ္မာပြီး ရိုးအတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ကနေကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးငယ်လေးအဖြစ် ပြောင်းလဲသွားပုံအဆင့်ဆင့်ကို ဖော်ပြရိုက်ကူးထားတာပါ။အနိုင်ကျင့်ခံရမှုတွေ ပညာရေးနဲ့ ရွယ်တူကြား ယှဉ်ပြိုင်မှုတွေ လူငယ်အချစ်ဇာတ်လမ်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရင်း ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အိုဂျက်စ်တစ်ယောက် သူဖြစ်ချင်တာတွေ လုပ်နိုင်ပါ့မလားဆိုတာကိုတော့ Amber Girls School series လေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး
Genre: Comedy , Drama , BollyWood
Actor: Kajol Chugh , Shruti Ulfat , Adrija Sinha , Ishika Gagneja , , , , ,
Director: ,
Writer: , , , ,
Country: India
Release: 2024-05-01
Duration:
Quality: HD
Rating: 1
10.00
Copyright 2024