to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
And Then Come the Nightjars
မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြားချစ်သူဖြစ်ပြီး သူ့ရဲ့ အချိန် စိတ်နှလုံး တစ်ဘဝလုံးကို သူတို့တွေဆီမှာသာ မြှုပ်နှံထားသူဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်ကတော့ ဒီဒေသမှာ တာဝန်ကျတဲ့ အပြင်ကလူပေါ့။ ဒါပေမဲ့ ဒီမှာ အနေကြာလာပြီး ဒေသကို (အထူးသဖြင့်တော့ အဖိုးကြီးကို) ခင်တွယ်လာသူဖြစ်ပါတယ်။ သူ့ အားလပ်ချိန်တွေဆို အဖိုးကြီးခြံကို သွားပြီး ကလေးတစ်ယောက်ယောက်လိုပဲ အဖိုးကြီးနောက်ကို တကောက်ကောက်လိုက်ပြီး စကားတွေ တောင်စဉ်ရေမရ ပြောနေတတ်ပါသေးတယ်။ ဒီလိုနဲ့ ခွာနာလျှာနာ ကူးစက်နှုန်းမြင့်လာပြီး ရောဂါထိန်းချုပ်ရေးအတွက် သတ်ဖြတ်တာတွေ မီးရှို့တာတွေ စလုပ်လာတဲ့အချိန်မှာတော့. မွေးမြူရေးတိရစ္ဆာန်တွေကို သားသမီးလိုချစ်တဲ့အဖိုးကြီးနဲ့ တာဝန်အရ သတ်ဖြတ်မှုတွေကို ဦးဆောင်ရမယ့် တိရစ္ဆာန်ဆရာဝန်တို့ရဲ့ကြားက ဆက်ဆံရေးလေး ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်စောင့်ကြည့်ကြရပါလိမ့်မယ်။
Genre: Drama
Actor: David Fielder , Nigel Hastings , Robert Holmes , Emily Hansen
Director:
Writer:
Country: United Kingdom
Release: 2023-09-01
Duration: 81 Min
Quality: HD
Rating: 0
5.2
Copyright 2024