to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Beating Heart
ဒီတစ်ခေါက် တရုတ်ကားချစ်သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင်ဂျပန်ကားလေး 1 Litre of Tears နဲ့
ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်…ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်းအာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေဆေးစစ်ဆေးကြည့်ပြီးနောက်မှရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ…ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီးမေ့မြောသွားခဲ့ပါတယ်… ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရောဆေးစစ်ချက်က ” ဦးနှောက်ကင်ဆာ” တဲ့… ဖြစ်ချင်တော့
ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်းရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့…ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီးမွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း
ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့..ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့… ဒါပေမယ့်သူလည်း single daddy ရဲ့ သမီးလေးပေါ့…သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူလုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့… အခု ဆေးရုံကလည်းယန်ဇီအဖေ့ပိုင် လုပ်ငန်းတွေထဲကတစ်ခုပေါ့…သူ့ဘဝတစ်ခုလုံးမှာ အလုပ်ထက် အရေးကြီးဆုံးကသူ့သမီးပဲ အခုလည်း သူ့သမီးရဲ့နှလုံးကို အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးစားလာခဲ့တာပေါ့…ကဲ ဒီလောက်ဆို မှန်းဆနိုင်ပြီထင်ပါရဲ့… ရှောင်းယွီလေးရဲ့ နှလုံးကိုယန်ဇီအတွက် နှလုံးအစားထိုးဖို့အတွက် ကြံရာကနေ
နောက်ဆုံးမှာ ယန်ဇီလေး နှလုံးအစားထိုးဖြစ်လား…ရှောင်းယွီလေးရော ကံကြမ္မာတစ်ပတ်လည်ပြီး အသက်ရှင်နိုင်မလား…ထုံးစံအတိုင်း ဇာတ်ကားလေးကို ဒေါင်းကြည့်ပြီး အဝကြီးငိုလိုက်တော့
Genre: Crime , Drama , Thriller
Actor: Wang QianYuan , Tan Zhuo , Yang Tiantian , Darren Wang , Tie Zhou , Andrew Lane Cawthon
Director:
Writer:
Country: China
Release: 2022-08-26
Duration: 95 Min
Quality: HD
Rating: 1
6
Copyright 2024