to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Beyond The Wall
အလီက အကြောင်းတစ်ခုကြောင့် မျက်လုံးကန်းခါနီးအခြေအနေကို ရောက်သွားရတဲ့ လူတစ်ယောက်ပါ။ သူဟာ အဲဒီအခြေအနေကြောင့်ပဲ စိတ်ဓာတ်တွေကျပြီး ကိုယ့်ကိုကိုယ်သ-တ်သေဖို့ ကြိုးစားနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒါပေမဲ့ ထိုသို့သ-တ်သေဖို့ကြိုးစားတာ မအောင်မြင်ခင်မှာပဲ အဓိကရုဏ်းကိစ္စတွေကြောင့် ထွက်ပြေးလာတဲ့အမျိုးသမီးတစ်ယောက်က သူ့အခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပါပဲ ထို့နောက် ထိုအမျိုးသမီးက သူ့ကို ရဲတွေလိုက်ဖမ်းလို့ပြေးရတဲ့အကြောင်း, သူ့ရဲ့သားလေးကလဲ ရဲတွေသူ့ကိုဖမ်းတုန်းက လမ်းမှာပျောက်ကျန်ခဲ့ကြောင်းပြောတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်သာ သ-တ်သေဖို့ကြိုးစားနေပေမယ့် တခြားသူတွေဒုက္ခရောက်တာကို လုံးဝမကြည့်နိုင်တဲ့ လူကောင်းကြီးအလီက မျက်လုံးမမြင်လျက်ကြီးနဲ့ပဲ ထိုအမျိုးသမီးကို အမျိုးမျိုးကူညီဖို့ကြိုးစားတော့တာပါပဲ။ဒီလိုနဲ့ … ထိုအမျိုးသမီးကရောဘယ်သူလဲ? ဘာလို့ သူ့အခန်းထဲကိုမှရောက်လာခဲ့ရတာလဲ?… အလီကရော သူမျှော်လင့်ထားသလိုကူညီနိုင်မှာလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။
Genre: Drama
Actor: Navid Mohammadzadeh , Diana Habibi , Amir Aghaei , Saeed Dakh , Alireza Kamali , Danial Kheirikhah
Director:
Writer:
Country: Iran
Release: 2023-04-20
Duration: 126 Min
Quality: HD
Rating: 0
6.375
Copyright 2024