Bigfoot Family
2017 တုန်းက ထွက်ရှိခဲ့တဲ့ The Son of Bigfoot ဆိုတဲ့ Animation လေးရဲ့နောက်ဆက်တွဲအနေနဲ့ထွက်လာခဲ့တာပါ။
အသစ်စက်စက်ထွက်ရှိလာတဲ့ ဒီကားလေးရဲ့အကျဥ်းချုပ်ကိုလည်း အနည်းငယ်ပြောပြပါဦးမယ်။
ဒေါက်တာဟယ်ရီဆန် ဆိုတာက သုတသေန မတော်တဆကြောင့် ခြောထောက်ကြီး လူဝံဘဝကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ
ကြီးလာတဲ့ခြေထောက်နဲ့အတူ တခြားအစွမ်းတွေလည်းရှိပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်းကတော့ ဖခင်ဆီက မျိုးရိုးဗီဇကိုဆက်ခံပြီး အပြေးမြန်ပြီး စွမ်းအားရှိသူတစ်ဦးပေါ့။
တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တယောက် လူ့အသိုင်းအဝိုင်းအလယ်ရောက်လာချိန်မှာတော့
ဘစ်ဖုဒ်ဆိုတဲ့ နာမည်ကြောင့် လူဝံတယောက်ဖြစ်လာပါတော့တယ်။
နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။
သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှု အန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။
စိတ်လှုပ်ရှားပျော်ရွှင်ပြီး မိသားစုနဲ့အတူတူကြည့်လို့ရမယ့် ဒီကားလေးရဲ့ နာမည်ကတော့ Bigfoot Family(2020)ပါ။