to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Blank
မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ…အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ…ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမကမနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ…အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြားဒီအမျိုးသမီးလေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကိုFaye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။
Genre:
Actor:
Director:
Writer:
Country: TH
Release: 2024-03-02
Duration:
Quality: HD
Rating: 0
0
Copyright 2024