to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Budak Flat
ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာအာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ်ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကိုရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေအများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝသဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီးနောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။
Genre: Action , Crime , Thriller
Actor: Pablo Amirul , Zahiril Adzim , Nabila Huda , Aaron Aziz , Balan Kash , Yung Raja
Director:
Writer:
Country: Malaysia
Release: 2023-11-16
Duration: 104 Min
Quality: HD
Rating: 0
0
Copyright 2024