to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Chithha
ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီစ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါတစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ်ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ်တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား…အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ပုံဖော်ထားပြီး ဦးလေးဖြစ်သူ အီစ်ဝါရန်ရဲ့ ဖခင်သောက၊ လူ့မိစ္ဆာရဲ့ အဆုံးစွန် ယုတ်ကမ်းမှု၊ လက်စားချေခြင်း စတဲ့အကြောင်းအရာတွေကို ၂ နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ အပိုအလိုမရှိ ကြည့်ရှုရမှာပါ
Genre: Drama , Thriller , Mystery
Actor: Siddharth , Sahasra Sree , S Abiya Tasneem , Nimisha Sajayan , Anjali Nair , Baalaji S U , Dharshan
Director:
Writer:
Country: India
Release: 2023-10-03
Duration: 139 Min
Quality: HD
Rating: 0
6.5
Copyright 2024