to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Consumed
သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horror ဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Genre: Horror
Actor: Courtney Halverson , Mark Famiglietti , Devon Sawa
Director: Nate Bolotin , , , , ,
Writer: , , ,
Country: United States of America
Release: 2024-08-16
Duration: 89
Quality: HD
Rating: 1
5
Copyright 2024