to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Criminal Minds
ဆီကာရီးယပ်စ်ဆိုပြီး အတွဲလိုက်လူသတ်သမားတွေကို ကွန်ယက်ထောင်ပြီးအများအပြား သတ်ဖြတ်ခဲ့တဲ့ အီလိုင်းယက်စ်ဗွိုက်ကို ဖမ်းနိုင်ခဲ့ပါပြီ (သူကိုယ်တိုင်ကတော့ ခုချိန်ထိ ဝန်ခံခြင်းမရှိသေးပါဘူး)။ဒါပေမဲ့လည်း FBI လက်ထောက်ဒါရိုက်တာတစ်ယောက် အသက်ပေးဆပ်ခဲ့ရပါတယ် ဒီနောက်ကွယ်မှာလည်း ဖုံးဖိထားတဲ့ ကိစ္စတချို့က ရှိနေတာပါ။ဗွိုက်ရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်လာတဲ့ ခေါင်းဆောင်ဒေးဗစ်တစ်ယောက်လည်း စိတ်ထဲမှာ ခြောက်လန့်ခံနေရဆဲ ဖြစ်ပါတယ်။အခုချိန်မှာတော့ အရှေ့ပိုင်းမှာ အနည်းငယ် ပြောပြထားတဲ့ ဂိုးလ်စတားဆိုတဲ့ လူသတ်သမားဟာ လူတွေကို ကြုံရာကျပန်းမျက်လုံးထုတ် သတ်ဖြတ်နေပြီး လွတ်မြောက်နေဆဲ ဖြစ်ကာ ဖမ်းဆီးဖို့အတွက် သဲလွန်စနည်းနည်းလေးတောင် ရှာမရဖြစ်နေပါတယ်။ဒါကြောင့် ဒါရိုက်တာဖြစ်သူဟာ ဗွိုက်ဆီကို ဂိုးလ်စတားကို ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက်ပေးမယ်ဆို နှစ်အနည်းငယ်လောက်နဲ့ လွှတ်ပေးမယ်ဆိုပြီးအပေးအယူလုပ်တာကို လက်မခံနိုင်ကြတဲ့ BAU အဖွဲ့သားတွေ ဗွိုက်မတိုင်ခင် ဂိုးလ်စတားကို ဖမ်းနိုင်ဖို့ အားထုတ်ရာကနေ ပြန်စတင်ထားပြီးနောက်ပိုင်း ဘယ်လိုတွေဖြစ်ကြမလဲ ဂိုးလ်စတားကို ဖမ်းနိုင်ကြမလား ဗွိုက်ကရော ထောင်ထဲကနေ ဘယ်လိုတွေမွှေနေမလဲ နောက်ကွယ်ကအကြောင်းရင်းတွေဟာ ဘယ်လိုဖြစ်မလဲ စသဖြင့် တစ်ပိုင်းပြီး တစ်ပိုင်း ခံစားသွားရမှာပဲ ဖြစ်ပါတယ်ဗျ...
Genre: Crime , Drama , Mystery
Actor: Joe Mantegna , Paget Brewster , Adam Rodríguez , A.J. Cook , Aisha Tyler , Zach Gilford , ,
Director:
Writer:
Country: United States of America
Release: 2005-09-22
Duration:
Quality: HD
Rating: 1
8.32
Copyright 2024