to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
DeadTectives
ဆမ် ကိတ် လွိုက် ဟာဗီယာတို့လေးယောက်ပါဝင်တဲ့သရဲဖမ်းတဲ့အဖွဲ့က အခုလည်းမုန့်ဖုတ်ဆိုင်တစ်ဆိုင်မှာ သောင်းကျန်းနေတဲ့သရဲကိုသွားရောက်နှိမ်နင်းနေကြပါတယ်။ပစ္စည်းတွေအပြည့်အစုံတပ်ဆင်ထားပြီး သရဲတွေနဲ့ပတ်သတ်လာရင်တကယ်ကြမ်းတဲ့ဆရာကြီးတွေလို့ထင်ရပေမဲ့ လုပ်ဇာတ်တွေခင်းပြီးသူတို့ကိုအကူအညီတောင်းတဲ့သူတွေကို ဂျင်းထည့်နေကြတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ဂျင်းထည့်တဲ့အကွက်တွေကသူတို့ရဲ့အစီအစဉ်ကို ကြည့်ရှုတဲ့လူတွေအတွက်ရင်ခုန်စရာမကောင်းတော့တဲ့အချိန်မှာတော့ သူတို့ကုမ္ပဏီကသူတို့အဖွဲ့ကိုဖျက်သိမ်းဖို့ တော်တော်နီးလာပါတော့တယ်။ဒါပေမယ့် သူတို့အတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ မက္ကဆီကိုမှာရှိတဲ့ကြမ်းလှပါချည်ရဲ့ဆိုတဲ့ သရဲခြောက်တဲ့အိမ်ကြီးဆီကို လွှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အလုပ်သက်တမ်းတစ်လျှောက်လုံး ဂျင်းထည့်လာခဲ့ကြတဲ့ ဆမ်တို့အဖွဲ့တကယ့်သရဲအစစ်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာဟာသလေးတွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Genre: Comedy , Horror
Actor: Chris Geere , Tina Ivlev , Martha Higareda , David Newman , Jos Mara de Tavira , Cecelia Antoinette , Pablo Guisa Koestinger , Emilio Savinni , Matas del Castillo
Director:
Writer:
Country: United States of America
Release: 2019-09-26
Duration: 92 Min
Quality: HD
Rating: 0
6.1
Copyright 2024