to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Double Kill
ဒီလောကကြီးထဲမှာကိုယ်နဲ့ချွတ်စွပ်တူတဲ့ Doppelganger တွေရှိတယ်ဆိုတာကိုသင်ယုံကြည်ပါသလား။ဒီကားကတော့အဲ့ဒီလို Doppelganger တွေနဲ့ပတ်သတ်တဲ့မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူတစ်ယောက်ကရုပ်ချင်းလုံးဝဆင်တူတဲ့အမွှာလည်း မဟုတ်တဲ့ကောင်မလေးနှစ်ယောက်ကို ဖမ်းထားတာကိုတွေ့ရမှာဖြစ်ပြီးသိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပန်းချီဆေးတွေရေးခြယ်ထားပြီး သစ်ပင်မှာကြိုးနဲ့ချည်သတ်ထားတဲ့အကြောင်းသတင်းထဲပါလာပါတော့တယ်။ဒီအမှုကကြီးတဲ့အတွက် FBI ကိုယ်တိုင်အမှုလိုက်ခဲ့ရပါတယ်။ဒါပေမယ့်ဖြစ်ချင်တော့ FBI အေးဂျင့်ရိုးလင်းရဲ့မိန်းမကို အဲ့ဒီလူသတ်သမားကထပ်ဖမ်းသွားပါတော့တယ်။ဒီလိုနဲ့ အေးဂျင့်ရိုးလင်းလည်း အဲ့ဒီအမှုကိုလိုက်ရင်းလိုက်ရင်း တရားခံက ရုပ်ချင်းချွတ်စွပ်တူတဲ့ လူတွေကိုပစ်မှတ်ထားကြောင်းသိခဲ့ရပြီး အဲ့လိုအမှုတွေအများကြီးရှိခဲ့သေးတာကို သိလိုက်ရပါတယ်။အဲ့ဒီအမှုကိုစုံစမ်းရင်းနဲ့မှ တဖြည်းဖြည်းနဲ့အမှုမှန်က ပိုပိုပေါ်လာပြီးတရားခံကိုသိရတဲ့အခါမှာတော့ သူ့မိန်းမကိုအေးဂျင့်ရိုးလင်းတစ်ယောက် အချိန်မှီကယ်တင်နိုင်ပါ့မလားဆိုတာကိုကြည့်ရမယ့်သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။
Genre: Crime , Thriller
Actor: Bassey Ekpenyong , LaToya Ward , Keith Berry II , Lauren Lakis , Tom Vera
Director:
Writer:
Country: Unknown
Release: 2023-08-08
Duration: 125 Min
Quality: HD
Rating: 0
0
Copyright 2024