to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Down Low
ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်…။Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ဂေးတို့ဘဝကို ပီပီပြင်ပြင်မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကတော့ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီးပါ…။သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင်အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။
Genre: Comedy
Actor: Zachary Quinto , Lukas Gage , Sebastian Arroyo , Judith Light , Simon Rex , Audra McDonald , Christopher Reed Brown , Dominique Allen Lawson , Olivia Troy , Joseph Bessette
Director:
Writer:
Country: United States of America
Release: 2023-03-11
Duration: 94 Min
Quality: HD
Rating: 0
4.286
Copyright 2024