to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Dragon's Cage
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း နဂါးထိန်းသိမ်းထောင်ကိုရှာပုံတော်ဖွင့်ရင်း ရန်အစွယ်စွယ်ကိုရင်ဆိုင်ရမဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ –လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ထျန်းချီဂိုဏ်းကမှော်ပညာတွေမှာ ကျွမ်းကျင်တတ်မြောက်ပြီးမင်းကြီးအတွက် တစ္ဆေစစ်သည်တွေဖန်တီးပေးကြပါတယ်တဲ့ ။ ဒါပေမဲ့ မင်းကြီးကအရပ်လေးမျက်နှာလုံးကိုစစ်တိုက်ဖို့ကြံတဲ့အချိန်မှာပဲ ရုတ်တရက်ပြီး တစ်ညအတွင်း ထျန်းကျီဂိုဏ်းက တစ်ဂိုဏ်းလုံးအမြစ်ပြတ်သုတ်သင်ခံလိုက်ရပါတော့တယ် ။ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ဂိုဏ်းတစ်ခုလိုမျိုးပေါ့ ။ နှစ်ပေါင်းမျာစွာကြီးပြီးတဲ့နောက်မှာ ပိုင်ထျန်းလို့ခေါ်တဲ့ပန်းပဲဆရာလေးမှာ ပြဿနာရှာလွန်းနဲ့အစ်မတစ်ယောက်ရှိပါတယ် ။ တစ်နေ့ကျ အဲဒီပြဿနာအိုးအစ်မက လောင်းကစားရှုံးလို့ အကြွေးရှင်လိုက်တာခံရရင်း အိမ်ပြန်ရောက်လာခဲ့ပါတယ် ။အကြွေးရှင်ကလည်း ပိုင်ထျန်းရဲ့ စက်ယန္တယားနားလည်မှုကိုတွေ့သွားတော့ မသတ်တော့ဘဲ ပျောက်ဆုံးသွားတာကြာပြီဖြစ်တဲ့ ထျန်းကျီဂိုဏ်းရဲ့ ဂူဗိမာန်မှာရတနာရှာဖို့ဖြစ်လာပါတော့တယ် ။ အဲဒီလိုနဲ့ ပိုင်မောင်နှမရယ် အကြွေးရှင်သူရဲကောင်းကြီးရယ် ရတနာရှာတဲ့ခရီးစဉ်မှာဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့လိုက်လံကြည့်ရှုအားပေးကြပါအုံး
Genre: Thriller
Actor: Yang Tongshu , Liu Chuxuan , Xiaowan Zhang , Shu Tong
Director:
Writer:
Country: China
Release: 2024-03-21
Duration: 88 Min
Quality: HD
Rating: 0
0
Copyright 2024