to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ek Kori Prem Katha
ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကိုရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလိုမီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်းသီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာသွေးမထွက်တာနဲ့ ဒီမိန်းကလေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေသိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့……
Genre: Drama
Actor: Akshay Oberoi , Poonam Dhillon , Darshan Jariwala , Sarah Lockett
Director:
Writer:
Country:
Release: 2024-04-05
Duration: 129 Min
Quality: HD
Rating: 1
0
Copyright 2024