to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Face Off 6: The Ticket Of Destiny
Face off 6 : The Ticket of Destiny (2023)Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။ Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ ဒီထီလက်မှတ်ကိုတော့ အဖွဲ့ထဲက ရိုးသားကြိုးစားတဲ့ လူရိုးကြီးအန်ကို သိမ်းထားခိုင်းပါတယ်။ဖြစ်ချင်တော့ အန်တစ်ယောက် မတော်တဆမှုနဲ့ ဆုံးပါးသွားပြီး အန်သိမ်းထားတဲ့ ထီလက်မှတ်ကလည်း Jackpotဆုကြီးပေါက်သွားချိန်မှာတော့…. ဖြူစင်ပါတယ် ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ဆက်ဆံရေးကြားမှာ ငွေဆိုတဲ့မုန်တိုင်းဝင်လာချိန်မှာတော့ ဘယ်လိုသရုပ်မှန်တွေပေါ်လာကြမလဲ။ ပျောက်ဆုံးနေတဲ့ထီလက်မှတ်ကိုရှာရင်းနဲ့ ဘာပြဿနာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်း ပဟေဠိ အဖြေညှိလိုက်ရအောင်ပါ။
Genre: Action , Drama
Actor: Trung Dng , Huy Khnh , Quc Cng , Tit Cng , Hunh Thi , Thanh Thc , Dip Bo Ngc , Thy Linh , T Lm , T Tri
Director:
Writer:
Country: Vietnam
Release: 2023-04-28
Duration: 131 Min
Quality: HD
Rating: 0
6.5
Copyright 2024