Full River Red / Manjianghong
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားပြီး ရုံဝင်ငွေ ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပြီး ရုံဝင်နေစဥ်အတွင်းမှာ စံချိန်ပေါင်းများစွာချိုးခဲ့တဲ့ “Full River Red” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ကျန်းရိမိုဟာ Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးလည်းဖြစ်ပါတယ်။အခုရုပ်ရှင်ကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှ ာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့ သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ အားလုံးက စွပ်စွဲနေကြတဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့ လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆ မှုအတွင်း တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် အပြစ်မဲ့ပြည်သူတွေကလဲ တစ်ဦးပြီး တစ်ဦးအသက်ပေးကာလာခဲ့ရပြန်ပါတယ် ။ ဒီလိုနဲ့ မတော်တဆအတွင်း ဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ –❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ?❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ?❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ –❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊ လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊ သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့ စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန်❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့ စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင် ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့ တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။ အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။
Genre: Comedy , History , Thriller , Mystery
Actor: Shen Teng , Jackson Yee , Zhang Yi , Lei Jiayin , Yunpeng Yue , Guo Jingfei , Yu Ailei , Oho Ou , Zhang Chi , Wei Xiang , Pan Binlong
Director:
Writer:
Country: China
Release: 2023-01-22
Duration: 157 Min
Quality: 4K
Rating: 1
5.5
Copyright 2024