to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Furies
ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာနာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင်ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ရောင်းစားနေတဲ့ လူမိုက်ဂိုဏ်းနဲ့ သူမတို့ ၃ ယောက် ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့…ယုံကြည်ရာတစ်ခုအတွက် အသက်ကိုစတေးကြမဲ့ သူမတို့ ၃ ယောက်နဲ့ ရွေးချယ်မှုတိုင်းအတွက် ပေးဆပ်ရမဲ့တန်ကြေးကိုယ်စီရှိနေတဲ့အခါမှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Furiesဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာပဲ ဆက်လက်အဖြေရှာလိုက်ရအောင်ပါ။
Genre: Action , Drama
Actor: Dong Anh Quynh , Toc Tien , Rima Thanh Vy , Veronica Ngo , Thuận Nguyễn , Song Luân , Gi A Nguyen , Phan Thanh Nhien , Hng Vn , Thanh Hoa
Director:
Writer:
Country: Vietnam
Release: 2022-12-30
Duration: 109 Min
Quality: HD
Rating: 0
6.539
Copyright 2024