to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Gemencheh Boys
ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာလူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်ဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာအနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ …..ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ …..ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ …..လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Genre: Drama
Actor: Pekin Ibrahim , Datuk Ahmad Tamimi Siregar , Zaidi Omar , Farah Ahmad , Azman Hassan , Ieda Moin , Along Eyzendy , Dboy Hamdan , Denes Kumar , Farah Fauzana
Director:
Writer:
Country: Malaysia
Release: 2023-10-26
Duration: 107 Min
Quality: HD
Rating: 0
0
Copyright 2024