to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Goyo
ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ်ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။Asperger Syndrome ခံစားနေရတဲ့ Goyo ဟာမိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေပိုင်ဆိုင်ထားတာပါပဲ ။ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyoတစ်ယောက် ဘယ်လိုပြုမူမလဲ ။သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကိုရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်းEva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင်ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyoတစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှုခံစားလိုက်ရအောင် ။
Genre: Comedy , Drama , Romance
Actor: Soledad Villamil , Pablo Rago , Diego Alonso , , , , , ,
Director:
Writer: ,
Country: Argentina
Release: 2024-06-27
Duration: 0 Min
Quality: HD
Rating: 1
6.553
Copyright 2024