to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Hong Gil Dong The Hero
“ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)”အထက်တန်းလွှာမျိုးရိုးရဲ့သားဖြစ်ပေမဲ့လည်း တရားမဝင်သားဖြစ်တာကြောင့်မိသားစုအိမ်တော်မှာ နေရာမရတဲ့အပြင် အတတ်ပညာလည်း သင်ကြားခွင့်မရတဲ့ဟုန်းဂီဒုံတစ်ယောက်ဟာ ဘဝကို ဆိုးပေတေစွာနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့လည်းမတရားမှုကို ရွံ့ရှာတွန်းလှန်တတ်တဲ့ စိတ်ရင်းခံလေးရှိတဲ့သူတစ်ယောက်ပါ။ဘဝကိုပျော်သလိုနေလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ကျဉ်ဖယ်ခြင်းကို ခံခဲ့ရပေမဲ့လည်းဂျိုဆွန်းပြည်မှာ ဒုက္ခခါးစည်းခံနေရတဲ့ပြည်သူတွေဘဝကို မြင်ရပြီးနောက်အများအကျိုးဆောင်ပေးမှုတွေကြောင့် ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)ကြီးဖြစ်လာသူကြီးပေါ့။အဲဒါကြောင့်လည်း ဘုရင့်ရဲ့အမျက်တော်လည်း အရှခံရကာ ဝရမ်းပြေးဘဝပါ ရောက်ရပါတော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းခေတ် ထိုကာလမှာ နန်းပလ္လင်ပေါ်ရှိတဲ့ ဘုရင်ရဲ့ ညံ့ဖျင်းမှုအပျော်အပါးလိုက်စားမှုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တဲ့ ချင်နိုင်ငံရဲ့ ယုတ်မာမှုတွေကြောင့်ဂျိုဆွန်းပြည်သူတွေရဲ့ ဘဝဟာ ခါးသထက်ခါးသက်လာခဲ့ပါတယ်။လက်ရှိဘုရင်ရဲ့ရန်ကြောင့် မယ်တော်မိခင်ကိုဆုံးရှုံးခဲ့ရကာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့မင်းသားကြီးကလည်း ကမ္ဘာမကြေတဲ့အငြိုးကို လက်စားချေဖို့အတွက် သေရွာကနေ ဂျိုဆွန်းကို ပြန်လာခဲ့ပါတယ်။ရော်ဘင်ဟု(ဒ်) ဟုန်းဂီဒုံနဲ့ ရန်အငြိုးအကြွေး လာယူတဲ့မင်းသားကြီးတို့နှစ်ယောက် တွေ့ဆုံမိပြီးဂျိုဆွန်းပြည်သူတို့ကို ဒုက္ခပင်လယ်ထဲကနေ ဘယ်လိုကယ်တင်ကြမလဲဆိုတဲ့ အကြောင်းအရာအပြင်ဂျိုဆွန်းပြည်ရဲ့ ပြည်သူ့သူရဲကောင်းကြီးဟုန်းဂီဒုံ၊ ပြည်သူ့မင်းသားကြီးအီ၊ သာမည ဂျိုဆွန်းသူလေး ဟောအီနို့တို့ရဲ့သုံးပွင့်ဆိုင်ချစ်ဇာတ်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရဦးမှာပါနော်။
Genre: Drama
Actor: Sung Yu-ri , Jang Keun-suk , Kang Ji-hwan , Ahn Suk-hwan , Jang Ah-young , Jo Hee-bong , Kil Yong-woo
Director:
Writer: Hong Jeong-eun , Hong Mi-ran
Country: South Korea
Release: 2008-01-02
Duration:
Quality: HD
Rating: 1
5.60
Copyright 2024