to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Hush
Hush (2016) IMDb rating – 6.6/10, Rotten tomatoes 93% (Award – wins ၂ ဆု nominations ၇ ဆု) အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2016 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့….မက်ဒီဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး တစ်နေ့တော့ တောစပ်တစ်ခုကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုတော့ အိမ်လေးတွေတော့ရှိပေမယ့် အလှမ်းတော့ဝေးတာပေါ့မက်ဒီကငယ်ငယ်က ရောဂါတစ်ခုကြောင့် နားမကြားနိုင်တော့ဘဲ စကားပြောဖို့လည်းခက်ခဲသွားပါတယ်။သူစာရေးလို့ရတဲ့ စာမူခတွေကိုလည်း ဆွံ့အ,နားမကြားစောင့်ရှောက်ရေးတွေမှာ ကူညီပေးနေသူလေးပါ…ဒီလိုတောစပ်ထဲကအိမ်လေးထဲမှာ သူမတစ်ယောက်ထဲဆိုပေမယ့် သူမတစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး…ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်က သူမကိုစောင့်ကြည့်နေပါတယ်…သူမလို ဆွံ့အ,နားမကြားသူတစ်ယောက်အတွက်က ရန်သူနဲ့ရင်ဆိုင်ရရင် ရန်သူ့လှုပ်ရှားမှုကိုလဲ မကြားနိုင်အကူအညီအော်တောင်းဖို့လဲအသံမထွက်နိုင်….အားနွဲ့တဲ့မိန်းမသားဆိုတော့ ပြေးဖို့ကလဲမလွယ်လှ။တောထဲမှာလူကလဲသိပ်မရှိတော့ ရက်စက်တဲ့လူသတ်သမားရဲ့သနားစရာပစ်မှတ်ဖြစ်သွားတာပေါ့…ဒီတော့ ရက်စက်တဲ့လူသတ်သမားနဲ့ဖြတ်ထိုးဉာဏ်ကောင်းတဲ့စာရေးဆရာမလေးတို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ….။ဆုတွေလည်းအများကြီးစကာတင်ဝင်ခဲ့ပြီး တကယ်လဲကြည့်လို့ကောင်းတဲ့ Horror,Thriller ကားလေးပါ…သည်းထိတ်ရင်ဖို လိုက်ပါစီးမျောခံစားကြည့်ကြပါဦး။
Genre: Horror , Thriller
Actor: Kate Siegel , John Gallagher Jr. , Samantha Sloyan , Michael Trucco , Emma Graves
Director: Jason Blum , , , , Anne McCarthy , Kellie Roy , ,
Writer:
Country: United States of America
Release: 2016-03-12
Duration: 82 Min
Quality: HD
Rating: 1
6.729
Copyright 2024