to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
I Can
အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှုလိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့ကချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက်ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန်ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းကထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစားသမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
Genre: Drama , Family
Actor: Daniel Roebuck , Vernon Wells , Cameron Arnett , Karen Chan , , ,
Director: , , , , , , ,
Writer: ,
Country:
Release: 2023-09-22
Duration: 85
Quality: HD
Rating: 1
6
Copyright 2024