to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Insomnia
ဇာတ်လမ်းလေးကတော့……အမ်မာ နဲ့ ဖီဘီဆိုတဲ့ ညီအစ်နှစ်ယောက်ရဲ့အမေက အသက်၄၀ပြည့်မွေးနေ့မှာ ညအိပ်မပျော်တဲ့ရောဂါကနေ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်…..အဲဒီညမှာပဲ အမ်မာရဲ့ အစ်မ ဖီဘီ့ကို လည်ပင်းညှစ်ခဲ့ပြီး အမ်မာ့ကိုလည်း မကောင်းတဲ့သွေးပါနေတာကြောင့် အသက်၄၀ပြည့်ရင် သူ့လိုဖြစ်မယ်လို့ပြောခဲ့တာပါ…..အဲဒီလိုဖြစ်ပျက်ပြီးနောက် အမ်မာ နဲ့ ဖီဘီတို့လည်း မွေးစားမိဘတွေဆီရောက်ပြီး ဖြတ်သန်းခဲ့ရာက အမ်မာ့အသက်၄၀ပြည့်မွေးနေ့မရောက်ခင် ၂ပတ်အလိုမှာ အမ်မာက ညဘက်အိပ်မပျော်တဲ့ရောဂါ ခံစားရလာပါတယ်…..သူ့အမေကလည်း သူ့ကိုယ်ထဲမှာ မကောင်းတဲ့သွေးတွေရှိနေတာမို့ အသက်၄၀ပြည့်မွေးနေ့မှာ သူ့လိုဖြစ်လာမယ်လို့ပြောခဲ့တဲ့စကားကို ကြားယောင်ပြီး အမ်မာလည်းကြောက်ရွံ့နေခဲ့ပါတော့တယ်……အဲဒီနောက်မှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ့အမေလည်း ဆုံးသွားခဲ့ပြီး အမ်မာလည်း ဒီအဖြစ်ဆိုးကြီးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ……သူ့အမေပြောခဲ့သလိုပဲ မကောင်းတဲ့သွေးပါနေတာကြောင့် အိပ်မပျော်တာလား စိတ်စွဲနေလို့ပဲ အိပ်မပျော်တာလား ဒီလိုရောဂါမျိုးက မျိုးရိုးများလိုက်တာလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး……
Genre: Drama
Actor: Vicky McClure , Tom Cullen , Leanne Best , Lyndsey Marshal , Robert Gilbert , , , , ,
Director: , , ,
Writer:
Country: United Kingdom
Release: 2024-05-23
Duration:
Quality: HD
Rating: 1
5.667
Copyright 2024