to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ippadiku Kadhal
ဆယ်နှစ်လောက်ချစ်လာခဲ့ကြပြီးမှ အခက်အခဲတွေကြားထဲကနေ လက်ထပ်ခဲ့ကြတဲ့ရှီဗာနဲ့ ရမ်ယာတို့အတွဲလေးဟာတော့ ကံဆိုးမိုးမှောင်ကျစွာနဲ့ လက်ထပ်တဲ့ညမှာပဲကားအက်စီးဒန့်ဖြစ်ပြီးတော့ ရမ်ယာလေးဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရှီဗာကတော့ တဖြည်းဖြည်းသက်သာလာခဲ့ပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မပျောက်ကင်းနိုင်သေးပါဘူး။ဒီလိုနဲ့ ဆေးရုံဆင်းပြီးနောက်မှာ သူ့ရဲ့စိတ်တွေ လန်းဆန်းပြီး စိတ်ခံစားချက်တွေ သက်သာအောင် သူငယ်ချင်းဖြစ်သူက ရှီဗာကိုချန်းနိုင်းကိုခေါ်သွားပြီး သူနဲ့အတူတူအလုပ်လုပ်စေပါတယ်။ နေရာအသစ် မြင်ကွင်းအသစ် အလုပ်အသစ်နဲ့အတူရှီဗာဟာလည်း တော်တော်လေး လန်းဆန်းလာခဲ့ပါတော့တယ်။နောက်ပြီး အန်ဂျနာဆိုတဲ့ကောင်မလေးတစ်ယောက်၊ အချစ်ကိုယုံကြည်ပြီး ပုံအပ်ခဲ့ပေမဲ့သူယုံကြည်တဲ့သူ့ချစ်သူက သူ့ရဲ့ ရေချိုးအဝတ်စားလဲနေတဲ့ ဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်ရာကနေ သူ့ကိုဘယ်သူမှ မသိတဲ့ ချန်နိုင်းကို ထွက်လာခဲ့ရင်း ဘဝသစ်စခဲ့သူတစ်ယောက်။ဒီလို ဘဝအခက်အခဲတွေရှိနေတဲ့ သူတို့နစ်ယောက် တိုက်ခန်းတစ်ခုတည်းမှာ အိမ်နီးချင်းတွေဖြစ်ရာက ခင်မင်သွားကြရင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြရင်းသူတို့ရဲ့ ခင်မင်မှုကနေ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
Genre: Drama , Romance
Actor: Bharath Srinivasan , Janani Iyer , Sonakshi Singh Rawat , Bagavathi Perumal , G Gnanasambandam , Prathap Pothan , Sandhya Janak , Niranjani Ashokan , Pandiarajan
Director:
Writer:
Country: India
Release: 2024-02-09
Duration: 103 Min
Quality: HD
Rating: 0
7
Copyright 2024