to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Kubra
ဒီဇာတ်လမ်းတွဲကတော့ ဂိုခန်းဆိုတဲ့အစ္စတန်ဘူသား အရပ်သားလူငယ်တစ်ယောက်ကိုအခြေခံပါတယ်။သူဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက သူတို့စခန်းကို ဝင်ရောက်စီးနင်းခံလိုက်ရာကနေ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် လိပ်ပြာမလုံစိတ်နဲ့စိတ်ဒဏ်ရာတစ်ချို့ကိုခံစားနေရဆဲပါ။အခုချိန်မှာတော့ ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်နေပြီး တစ်ချိန်မှာ ချစ်သူမာဗေးကိုလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ရိုးရှင်းတဲ့ဘ၀ကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ Soultouch ဆိုတဲ့ app တစ်ခုကနေ Kubra အမည်ရသုံးစွဲသူရဲ့ စာတစ်စောင်ကိုရရှိရာကနေ ဒါတွေအားလုံး ကမောက်ကမပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။Kubra ရဲ့ပြောစကားတွေ၊သက်သေပြမှုတွေ၊တိုက်ဆိုင်လွန်းတဲ့အဖြစ်အပျက်တွေ ထူးခြားစွာပေါင်းဆုံလာတဲ့အခါမှာတော့ ဂိုခန်းဟာ သူ့ကိုယ်သူတမန်တော် Kubra ကိုဘုရားသခင်လို အထင်ရောက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ သူ့အပေါ်ယုံကြည်တဲ့နောက်လိုက်တွေအများကြီးစုမိလာပြီးတစ်နိုင်ငံလုံးအနှံ့ထောက်ခံမှုကိုရလာတဲ့အချိန်မှာမနာလိုသူတွေ၊ သူ့ကိုအသုံးချဖို့ကြိုးစားသူတွေ၊ သူ့အရှိန်အဝါကိုထိတ်လန့်ပြီးနှိမ်နင်းဖို့ကြိုးစားကြသူတွေနဲ့ ဂိုခန်းထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူ့ဘက်မှာရှိနေခဲ့တာ တကယ်ပဲ ဘုရားသခင်လား ဒါမှမဟုတ်? ဇာတ်လမ်းထဲမှာဆက်ပြီးအဖြေရှာကြည့်ကြပါ။
Genre: Drama
Actor: Çağatay Ulusoy , Ahsen Eroğlu ,
Director:
Writer:
Country: Turkey
Release: 2024-01-18
Duration:
Quality: HD
Rating: 1
6.25
Copyright 2024