to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ladki: Enter the Girl Dragon
ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင် သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်ဆိုတဲ့ကိုလူအေးကြီးပေါ့။ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
Genre: Action
Actor: Pooja Bhalekar , Ravi Kale , Rajpal Yadav , Abhimanyu Singh , Miya Muqi , Shi Tianlong
Director:
Writer:
Country: India
Release: 2022-07-15
Duration: 134 Min
Quality: HD
Rating: 0
0
Copyright 2024