to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Legions
အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာ တစ်ယောက်ဖြစ်ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီးလေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူးထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစားလာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။
Genre: Comedy , Fantasy , Horror
Actor: Germn de Silva , Lorena Vega , Mariana Anghileri , Ezequiel Rodrguez , Demin Salomn
Director:
Writer:
Country: Argentina
Release: 2022-04-15
Duration: 88 Min
Quality: HD
Rating: 1
5.955
Copyright 2024