Liger
မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး
အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်…ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့
အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်..သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း
ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်…
အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ
လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့…သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ…။MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား…။ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကို
ဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်း
အကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်…လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့
ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့
ညွှန်းဆိုပေးလိုက်ပါတယ်နော်…။